ညီမလေး { 2 } (ဇာတ်သိမ်းပိုင်း )



___________
ညီမလေးခမ်းစုမီမှာ မပြောင်းလဲသေးတဲ့အချက်တစ်ခုကတော့ ခုချိန်အထိ သူငယ်ချင်းအပေါင်းအသင်း ဟုတ်တိပတ်တိ မရသေးတာပဲ။ သူကလဲ ပင်ကို စကားနည်းတဲ့အပြင် တစ်ယောက်တည်းပဲ နေတတ်တဲ့အကျင့်ရှိတယ်။ စိတ်ထဲမှာရှိတာကို ထုတ်ပြောတာထက် သူ့အပြုအမူလေးတွေနဲ့ မျက်နှာပေးကို ကြည့်ပြီးမှ သိနိုင်တာမျိုး။

အခု သူက ဆယ်တန်းဖြေပြီးလို့ အောင်စာရင်းစောင့်နေတဲ့အချိန်ဆိုတော့ အားနေတယ်၊ အဖေကလဲ ကျနော်ရောက်ပြီဆိုတာနဲ့ ခြံတွေဘက် လှည့်သွားပြီး ရွာဘက်ပိုင်းမှာပဲ နေနေတယ်။  ပြန်မလာသလောက်ပဲ။ ကျနော်လည်း မြို့ပေါ်မှာရှိတဲ့ အဖေ့အလုပ်တချို့ကို ကြည့်ရှုစီမံပေးရတာကလွဲပြီး ကျန်တဲ့အချိန်တွေ အားနေတယ်။ အဲဒီတော့ ခမ်းစုမီကို အချိန်ပေးမယ်၊ ဝေးခဲ့တဲ့အချိန်တွေအတွက် အတိုးချပြီး အနားမှာနေပေးမယ်လို့ စဉ်းစားထားတဲ့စိတ်ကူးဟာ အကောင်အထည်ပေါ်လာတယ်။ သူ့အကြိုက်လေးတွေ၊ စိတ်ဝင်စားတဲ့ဟာလေးတွေ တော်တော်များများ ပြောင်းလဲသွားတယ်။ သူ့ကို အစကစပြီး ပြန်လေ့လာနေရသလို ဖြစ်နေတယ်။ကျနော်နောက်ဆုံးသိခဲ့တဲ့ ၁၁နှစ်အရွယ်ကလေးမလေးမဟုတ်တော့ဘူး။ အသက် ၁၆နှစ်အရွယ် မိန်းမပျိုလေးဖြစ်နေပြီ။

ဘာပဲဖြစ်ဖြစ် ကျနော့်အပေါ် စိမ်းမသွားဘဲ အရင်လိုချစ်ခင်တွယ်တာနေတုန်းပဲမို့ ဝမ်းသာရတယ်။ ဟိုမှာ အဆက်အသွယ်ပြတ်လုလု နေခဲ့တာကိုလဲ စိတ်ဆိုးမနေဘူး။ ကျနော်ပြန်ရောက်လာတာကိုပဲ ပျော်နေပြီးတော့ အရင်လိုပဲ ကျနော့်ဘေးမှာ တကောက်ကောက်လိုက်နေတယ်။ နေ့ခင်းဆို အလုပ်နဲ့အပြင်ထွက်လဲ သူပါတယ်၊ ထမင်းလဲ များသောအားဖြင့် အတူတူစားကြတယ်၊ ညနေခင်းတွေဆိုအရင်လို ဆိုက်ကယ်ပတ်စီး၊ မြို့ပြင်ကားထွက်မောင်းဖြစ်တယ်။ ကျနော်တို့နှစ်ယောက်ဆက်ဆံရေးက Wuthering Heights (လေထန်ကုန်း) ထဲက ကက်သရင်းနဲ့ ဟိသ်ကလစ်ဖ် လိုပဲ အထီးကျန်လူသားနှစ်ယောက် အချင်းချင်းတွယ်တာနေကြသလို ဖြစ်နေတယ်။  ညဦးပိုင်းဆိုကျနော့်အခန်းထဲမှာ အတူတူ TV ကြည့်၊ စကားပြော၊ မုန့်စားရင်းနေကြတယ်။ အိပ်ချိန်ရောက်မှ လူချင်းခွဲဖြစ်ကြတယ်။ အစက သူ့ရှေ့မှာ အင်္ကျီလဲတာတွေဘာတွေ ရှိုးတိုးရှန့်တန့် ဖြစ်ဖြစ်နေသေးတယ်၊ အရင်လိုကလေးမဟုတ်တော့လို့။ ဒါပေမယ့် သူကဘယ်လိုမှမနေတာမြင်ရတော့ နောက်ပိုင်း ကျနော်လဲ သိပ်ဆင်ခြင်မနေဖြစ်တော့ဘူး။

တစ်ရက်တော့သူ စားပွဲပေါ်တင်ထားတဲ့ အေမီ့ဓာတ်ပုံကို သေချာယူကြည့်ပြီး ကိုကို့ရည်းစားလား လို့မေးတယ်။ ကျနော်လဲ အေမီနဲ့ကျနော် ပတ်သက်ပုံကိုဘယ်လိုမှရှင်းမပြတတ်တာမို့ ဟုတ်တယ်လို့ပဲ ပြီးပြီးရော ဖြေလိုက်တယ်။ သူက ပခုံးလေးတစ်ချက်တွန့်ရုံကလွဲပြီး ဘာမှမပြောဘူး။ နောက်ထပ်လဲမမေးတော့ဘူး။

ဘာလိုလိုနဲ့ ကျနော်ဟာခမ်းစုမီရဲ့ အုပ်ထိန်းသူဖြစ်နေတော့တယ်။ ဥပဒေကြောင်းအရ အဖေ့သမီးဖြစ်ပေမယ့် အဖေဟာ အန်တီခမ်းဝါကို တွယ်တာသလောက် မီ့ကိုရှိတယ်ကိုမထင်ဘူး။ ငွေရေးကြေးရေး နှမျောတွန့်တိုတာ မရှိပေမယ့် လူကိုလဲ စိတ်ကိုမဝင်စားဘူး။ အဲဒီတော့ ကျနော်နဲ့ပဲ ပစ်ထားပြီး သူကစိတ်ပြေလက်ပျောက်အလုပ်ထဲပဲနေတာများတယ်။ မီဆယ်တန်းအောင်မအောင်တောင် မမေးဘူး။  အောင်စာရင်းတွေထွက်တော့ သူဝါသနာပါတဲ့ မြန်မာရယ် အင်္ဂလိပ်ရယ် ဂုဏ်ထူး၂ခုရတယ်။ ဆုချတဲ့အနေနဲ့ ငွေတော်တော်များများ မုန့်ဖိုးပေးလိုက်ပေမယ့် ပုံစံကြည့်ရတာအောင်အောင်ကျကျ ဘာမှခံစားချက်မရှိမှန်း သိသာတယ်။ ဒါတွေကိုတွေ့လေ၊ ကျနော်သူ့အတွက်ရှိနေပေးရမယ်ဆိုတဲ့စိတ်က ခိုင်မာလာလေပဲ။

ကျနော်ဟာ အခြေအနေအရသာ အုပ်ထိန်းသူလုပ်နေပေမယ့် တကယ်တော့ အုပ်ထိန်းသူလုပ်ရမယ့်အရည်အချင်းပြည့်မီပုံမရဘူး။ တက္ကသိုလ်ဖွင့်ချိန်ရောက်တော့ သူလဲ ကျနော်တုန်းကလိုပဲ တောင်ကြီးတက္ကသိုလ်မှာလွယ်လွယ်ကူကူ မေဂျာတစ်ခုတက်တယ်။ အပေါင်းအသင်းတွေဘာတွေလဲ များများစားစား သိပ်တိုးမလာဘူး။ ခါတိုင်းလိုပဲ ညနေဆို ကျနော်နဲ့ပဲအချိန်ဖြုန်းနေတုန်းပဲ။ တစ်ခုပိုဆိုးလာတာက သူ ၁၇ နှစ်ပြည့်ပြီးကတည်းက မီ၁၈နှစ်ရှိပြီ၊ လူကြီးဖြစ်ပြီ ဆိုပြီးကျနော်အိမ်မှာ ဘီယာသောက်ရင် လာလာမျက်စောင်းထိုးတယ်။ ၁၈ နှစ်ပြည့်ပြီးမှ ၁၈ခေါ်တာလို့ ရှင်းပြလဲ မသိချင်ယောင်ဆောင်နေတယ်။  တချို့ ဒီအရွယ်တွေအပြင်မှာလဲ သောက်နေကြတာဆိုတော့ ကျနော်မတိုက်လဲ သူသောက်ချင်ရင် ကျောင်းကလူတွေနဲ့သွားသောက်မှာပဲ၊ တစိမ်းတွေနဲ့မှပိုဆိုးမယ်လို့ စဉ်းစားပြီး နည်းနည်းတော့ ပေးသောက်လိုက်တယ်။ အဲဒီအချိန်ကစပြီး ကိုယ်မွေးတဲ့မျောက်မလေးက ကိုယ့်ပြန်ချောက်တော့တာပဲ။ ကျနော်က တစ်ပတ်ကို တစ်ကြိမ်နှစ်ကြိမ်တော့ ဘီယာဖြစ်ဖြစ် ဝီစကီဖြစ်ဖြစ် သောက်တယ်။ အဲဒီအချိန်ကိုချောင်းပြီးလာလာတောင်းသောက်တယ်။ ပါးစပ်ကမတောင်းဘူး၊ အခန်းထဲဝင်လာပြီး ကျနော့်ရှေ့လာထိုင်ပြီး မျက်လုံးညိုညိုရွဲရွဲကြီးတွေနဲ့ သနားစရာလေးကြည့်နေလိုက်ရင် ဖန်ခွက်တစ်လုံးယူပြီး ထည့်ပေးမိတော့တာပဲ။ အများကြီးတော့မတိုက်ဘူး။ သူစိတ်ကျေနပ်ရုံတိုက်ပြီး ထပ်တောင်းရင် မျက်လုံးပြူးပြီး ကြည့်ပေးလိုက်တယ်။ အဲလိုဆိုရင် ဇက်လေးပုပြီး ငြိမ်သွားတာပဲ။

ဘာပဲဖြစ်ဖြစ် အတူတူမူးပြီး စကားတွေပြောဖြစ်ကြတာမျိုးမဟုတ်ပေမယ့် သူဒီလိုလေးထိုင်နေတာကိုက ကျနော့်အတွက်အဖော်ရတယ်။ တစ်ခါတစ်ခါ ဆိုဖာပေါ်မှာ အတူတူထိုင်ပြီး ဘီယာတစ်ယောက်တစ်ခွက်စီစုပ်ရင်း TVကြည့်နေကြတဲ့အခါ ဘေးမှာထိုင်နေတဲ့သူ့ကို မျက်လုံးထောင့်က ခိုးကြည့်ရင်း ဘယ်နေ့အထိ သူ ကျနော်နဲ့ဒီလိုနေနိုင်ဦးမှာပါလိမ့်လို့ စဉ်းစားမိတယ်။ တဖြည်းဖြည်းအရွယ်ရောက်လာပြီး အရမ်းလဲလှလာတဲ့ကျနော့်ညီမလေးမှာ တစ်ချိန်ချိန်တော့ ရည်းစားတွေ လက်တွဲဖော်တွေရှိလာမှာပဲ။ ကျနော့်ကိုချစ်တာ၊ ကလေးတစ်ယောက်လိုအစစအရာရာ အားကိုးတာမှန်ပေမယ့် လူဆိုတာ မိဘရင်ခွင်ကိုတောင်အချိန်တန်ရင် ခွဲခွာရသေးတာဆိုတော့ ကျနော်ဆိုတာ ဘာမို့လို့လဲ ဆိုပြီးလဲတွေးမိတယ်။

တကယ်လဲ ကျနော့်အတွေးတွေ မှန်ကြောင်းသက်သေပြမယ့်တစ်ရက်ကို ရောက်လာတာပဲ။ အသက် ၁၈နှစ်ပြည့်ပြီးလို့ second year ဖြေခါနီးမှာ သူရည်းစားရသွားတယ်။ ကျောင်းမှာ ရှားရှားပါးပါးပေါင်းတဲ့ မိန်းကလေးသူငယ်ချင်း နှစ်ယောက်ထဲက တစ်ယောက်ရဲ့အစ်ကို။ ကောင်လေးက မန္တလေးမှာဆေးကျောင်းတက်ရင်း အဆိုတော်ဖြစ်ဖို့ကြိုးစားနေတဲ့ကောင်။ ခဏပြန်လာရင်းတွေ့ကြတာ။ ဖြစ်ပျက်သွားတာမြန်လွန်းလို့ သိတဲ့အချိန်မှာ ကျနော်တောင် တော်တော်အံ့သြရတယ်။ ကလေးတစ်ယောက်လိုနေတာကနေ သူအရမ်းပြောင်းလဲသွားတယ်။ ကျောင်းပြန်ချိန်တွေ နောက်ကျလာတယ်၊ ညညဆို တစ်ချိန်လုံးဖုန်းပြောတယ်၊ ဖုန်းမပြောလဲ သူ့အခန်းထဲမှာပိတ်ပြီး တစ်ယောက်တည်းနေတယ်၊ စနေတနင်္ဂနွေဆို အပြင်ထွက်လာတယ်။ နဂိုကတည်းက သူ့အမေလက်ကျမို့ အလှပြင်တတ် အဝတ်အစားလှလှပပဝတ်တတ်တဲ့မီဟာ အခုပိုပြင်လာ ပိုလှလာတယ်။ အရင်က ပန်းဖူးလေးဆိုရင် အခုက ပွင့်ခါစပန်းကလေးနဲ့တူတယ်။ လန်းဆန်းပြီး နုနယ်ပျိုမြစ်နေတယ်။

အရင်က ကျနော်ဟာ သူ့စကြဝဠာရဲ့ ဗဟိုချက် ဖြစ်ခဲ့တယ်ဆိုရင် အဲဒီ ဗဟိုချက်ဟာ စဝ်ခွန်နောင်ဆိုတဲ့ကောင်အဖြစ် ပြောင်းသွားတယ်လို့ပြောရမယ်။ ဘာပဲဖြစ်ဖြစ် ရုတ်တရက်အထီးကျန်သွားသလို ခံစားရတာကလွဲရင် ကျနော်သူ့အတွက်ဝမ်းသာပါတယ်။ ဒီအိမ်ကြီးတစ်လုံးထဲမှာပိတ်ပြီး သူ့ထက်အသက် ရနှစ်လောက်ကြီးတဲ့အကိုနဲ့ ဘဝရဲ့အချိန်တွေကို ကုန်ဆုံးစေမယ့်အစား ပြင်ပလောကမှာ ပျော်ပျော်ရွှင်ရွှင်နေထိုင်တာက သူ့အတွက်ပိုအကျိုးရှိပါတယ်။ တက္ကသိုလ် တတိယနှစ်ကို မန္တလေးမှာ ပြောင်းတက်ချင်တယ်ဆိုတဲ့စကားကို ကြားရတဲ့အခါမှာတော့ သူ့ကိုအဝေးကြီးကို လွှတ်လိုက်ရမှာနှမျောသလို စိတ်မချသလိုတော့ ဖြစ်မိသား။

ဒီလိုနဲ့ ကျနော်နဲ့ခမ်းစုမီ ဒုတိယအကြိမ် ဝေးကြပြန်ရော။

အရင်တစ်ခါက ကျနော်ထွက်သွားတာ၊ ဒီတစ်ခါက သူထွက်သွားတာ။ စိတ်မချဘူး မသွားရဘူးလို့တားရင် သူဇွတ်လွန်ဆန်နိုင်မှာမဟုတ်ပေမယ့် မတားရက်ဘူး။ ကျနော်တုန်းကလဲ ဒီဥခွံလေးထဲကထွက်တဲ့အချိန်မှာ သူမတားခဲ့ဘူး၊ သူလဲ ဒီကမ္ဘာကျဉ်းကျဉ်းလေးထဲက ထွက်ပြီး လွတ်လပ်စွာ ရပ်တည်ကြည့်ပါစေ၊ ကျနော်မတားတော့ဘူး။

ဘယ်လောက်ကုန်ပစေ ကျောင်းပြောင်းပေးတယ်။ မန္တလေးကို လိုက်ပို့ပေးတယ်၊ သူ့ကိုယ်ပိုင် ဘဏ်အကောင့်ထဲမှာ ပိုက်ဆံထည့်ပေးတယ်၊ စည်းကမ်းရှိပြီး စျေးလဲကြီး နေရာထိုင်ခင်းလည်းကောင်းတဲ့အဆောင်မှာ အခန်းငှါးပေးတယ်။ သူတို့မိန်းကလေးတွေစီးတဲ့ Scoopy ဆိုက်ကယ် ပန်းရောင်လေးတစ်စီးနဲ့ ဦးထုပ်ကောင်းကောင်း ဝယ်ပေးတယ်။

 ကျနော်လုပ်ပေးနိုင်တာအားလုံး လုပ်ပေးပြီးတော့ တောင်ကြီးကိုပြန်လာခဲ့တယ်။ မပြန်ခင်မှာ ခွန်နောင်ကိုရော သူ့ကိုပါ ရွှေဘဲမှာ ထမင်းလိုက်ကျွေးတယ်။ ဆုံးမသြဝါဒတွေဘာတွေ မပေးခဲ့ပါဘူး။ ကျနော်ကိုယ်တိုင်လဲ ဘဝကို ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့နေလာခဲ့တာပဲ။ သူတို့လဲနေကြပါစေ။ တစ်ခုခုဆို ခမ်းစုမီနောက်မှာ ကျနော်ရှိတယ်ဆိုတဲ့ အသိလေးပဲ ခွန်နောင် စိတ်ထဲကို ထည့်ပေးချင်တာ။ အကာအကွယ်မဲ့ ထားခဲ့ရတဲ့မီ့ကို ပစ္စလက်ခတ် တစ်ခုခုလုပ်ခဲ့မှာကို စိုးတာ။

တစ်နှစ်ခွဲကျော် နှစ်နှစ်နီးပါး ကုန်သွားတယ်။ ကျနော်နဲ့အဖေ အတူနေလို့သာအဆင်မပြေတာ စီးပွားရေးလုပ်လို့တော့ တော်တော်အတွဲကိုက်တယ်၊ သူကခြံမှာနေ၊ ကျနော်က တောင်ကြီးမှာနေလိုက် မူဆယ် ကြယ်ဂေါင်ဘက်ဆင်းလိုက် လုပ်ကြတာ ဒီကာလအတွင်းမှာ အလုပ်တော်တော်ဖြစ်တယ်။

ဒီကြားထဲမှာ မီနဲ့ ဖုန်း တစ်လတစ်ခါလောက် ပြောဖြစ်တယ်။ သူ ၂ခေါက်အလည်ပြန်လာတယ်။ သူသွားချင်တဲ့နေရာတွေ လိုက်ပို့ပေးဖြစ်တယ်၊ စကားသိပ်မပြောဖြစ်ဘူး၊ ခွန်နောင်ဆီကလဲ ဖုန်းခဏခဏလာတယ်ဆိုတော့ အဆင်ပြေနေတဲ့ပုံမို့ အဲဒီအကြောင်းလဲ မမေးဖြစ်ဘူး။

 အေမီ တစ်ခေါက်အလည်လာဖြစ်တယ်။ ဒါကို မီလဲ သိတယ်။ အိမ်မှာပဲတည်းတယ်၊ အတူလဲအိပ်ဖြစ်တယ်။ အရင်လို သွေးဆူတက်ကြွတဲ့ အိပ်ရာထဲကဆက်ဆံရေး ရှိတုန်းပဲ။ ဒါပေမယ့် အပြင်ကဆက်ဆံရေးကတော့ ချစ်သူပုံစံထက် သူငယ်ချင်းပုံစံနဲ့ပိုတူလာတယ်။ သူ့ရဲ့ခံစားချက်တွေ အထီးကျန်မှုတွေကို နားလည်လာတာနဲ့အမျှ စကားတွေပိုပြောဖြစ်တယ်၊ သူ့အတွက်ရှိနေပေးဖြစ်တယ်။ ဒါပေမယ့် ကျနော်တို့နှစ်ယောက်ကြားမှာ အချစ်ဆိုတာမရှိမှန်းလည်း ပိုသေချာလာတယ်။ သူရောကျနော်ရော တစ်နေ့နေ့မှာ တကယ်နက်နက်ရှိုင်းရှိုင်းချစ်တဲ့သူနဲ့ တွေ့ကြလိမ့်မယ်လို့ မျှော်လင့်ရုံပဲရှိတယ်။

ဒီလိုနဲ့ အသားကျနေတုန်း စာမေးပွဲမပြီးသေးဘဲနဲ့ တစ်ညမှာသူပြန်လာတယ်။ ဒီနေ့ညပေါ့။ ဘာတစ်ခွန်းမှ မပြောဘူး၊ ကျနော်လဲ မမေးဘူး။ ဒါပေမယ့် ခွန်နောင်နဲ့ တစ်ခုခုဖြစ်လာတယ်ဆိုတာတော့ သေချာတယ်။ သူအရမ်းခံစားနေရတဲ့ပုံ ပေါက်နေတယ်။ အဲဒါနဲ့ အရက်အတူတူ ထိုင်သောက်ကြတယ်။ ဘာပဲဖြစ်ဖြစ် သူအိပ်ပျော်သွားတာ အဆင်ပြေတယ်။ လူတစ်ယောက်ဟာ အိပ်လိုက်ရင် ဘဝရဲ့ ဒုက္ခသုက္ခတွေထဲက ခဏတော့လွတ်မြောက်သွားတာပဲ။ ပိုကောင်းတာက နိုးလာရင် အဲဒါတွေကို စောစောကနဲ့မတူခြားနားတဲ့ အမြင်နဲ့ကြည့်ပြီး ရင်ဆိုင်ဖို့ အင်အားတွေ ပိုရှိလာတာပဲ။

လက်ထဲက အရက်ကုန်ခါနီး ဖန်ခွက်ကို စားပွဲပေါ်တင်လိုက်ပြီး သူ့မျက်နှာလေးကို ထိကြည့်တယ်။ ကလေးအသားလေးလိုပဲ အရေပြားပါးပါးလေးနဲ့ ပန်းရောင်သန်းပြီး ဖောင်းတင်းနုအိနေတယ်။

ခမ်းစုမီအတွက် ဒီလောက်ပြင်းထန်တဲ့ စိတ်ဆင်းရဲမှုမျိုး၊ စိတ်ခံစားချက်မျိုးက များလွန်းတယ်လို့ ထင်မိတယ်ဗျာ။ သူဘာတွေကြုံလာရလဲ သေချာမသိပေမယ့် ဘယ်လိုကိစ္စမျိုးပဲဖြစ်ဖြစ် ဖြေရှင်းပေးမယ်လို့ ဆုံးဖြတ်လိုက်တယ်။ နောက်ဆုံး ခွန်နောင်နဲ့ ကိုယ်ဝန်တွေဘာတွေရှိလာတာမျိုး၊ ဟိုကောင်က တာဝန်မယူနိုင်တာမျိုးဖြစ်ရင်တောင် မူဆယ်မှာ ဆေးခန်းရှာပြီး အဆင်ပြေအောင်လုပ်ပေးမယ်လို့ အဆိုးဆုံးကိုကြို တွက်လိုက်တယ်။ အဲလိုတွက်လိုက်မှပဲ ကျနော်နည်းနည်း စိတ်အေးသွားတယ်။

၈နာရီထိုးပြီ။ ခုတင်ဘေးကထပြီး ခန်းဆီးကိုဆွဲဖွင့်လိုက်တယ်။ အိပ်ရာပေါ်ကျလာတဲ့ နေရောင်နွေးနွေးအောက်မှာ သူမျက်လုံးဖွင့်လာတယ်။ စောင်နွေးနွေးထဲမှာလူးလွန့်ရင်း ကြောင်မလေး အညောင်းဆန့်သလို လက်လေးခြေထောက်လေးတွေဆန့်တယ်။ ပြီးတော့ တဖြည်းဖြည်းနိုးလာတယ်။ ကျနော့်အိပ်ရာထဲ ရောက်နေတဲ့အတွက်ရော၊ သူ့ကိုယ်ပေါ်မှာ ကျနော့်အင်္ကျီရောက်နေတဲ့အတွက်ရော ဘာမှ ရှက်ကိုးရှက်ကန်းဖြစ်နေတာမရှိဘူး။ အေးအေးလူလူပဲ ရေချိုးခန်းထဲဝင်သွားပြီး ကိုယ်လက်သန့်စင်နေတယ်။

××××××××××××××××××××

ကားကို လမ်းမကြီးဘေး ဖဲ့ဆင်းပြီးရပ်ထားရင်း နေဝင်ချိန်ကိုကြည့်နေမိကြပြန်ပြီ။ ကြားထဲမှာ ဘယ်လောက်စိမ်းသွားသွား အဲဒီလို လုပ်နေကျအလုပ်လေးတွေ အတူတူလုပ်မိရင် သူနဲ့ကျနော် ပြန်ပြီးနီးစပ်သွားသလိုပဲ။ ဖျော့တော့တဲ့ ညနေခင်းနေရောင်အောက်မှာ ပန်းဆီရောင်၊ ရွှေရောင်တောက်နေတဲ့ တိမ်တိုက်တွေရယ်၊ ကောင်းကင်ပြာပြာလွင်လွင် နောက်ခံရယ်၊ တောင်တန်းတွေနောက်ကို တရွေ့ရွေ့ငုပ်လျိုးသွားတဲ့  နေလုံးနီနီကြီးရယ်ကို စကားမပြောဘဲ  အတူရပ်ကြည့်နေရင်း ဘဝမှာ အရာရာပြီးပြည့်စုံနေသလို ခံစားရတယ်။ ဘေးနားမှာရှိတဲ့ သစ်မြစ်ဆုံကြီးပေါ် ခဏထိုင်ချလိုက်ရင်း စီးကရက်တစ်လိပ် ထုတ်ပြီး မီးညှိရှိုက်ဖွာလိုက်တယ်။ သူညောင်းနေမလားဆိုပြီးလှည့်ကြည့်တော့ သူကလဲ ဆေးလိပ်နံ့ရလို့လှည့်ကြည့်တယ်။ ပြီးတော့ မပြောမဆိုနဲ့ ကျနော်သောက်လက်စဆေးလိပ်ကို ဆွဲယူပြီး ဆက်သောက်နေတယ်။ ဆည်းဆာနေရောင်ထဲမှာ မြင်ရတဲ့ သူ့ကောင်ကြောင်းလေးနဲ့ ဆံနွယ်အခွေအလိပ်လေးတွေရယ်၊ ဆေးလိပ်ငွေ့တွေရယ် ပေါင်းစပ်လိုက်ရင် ပန်းချီကားလေး ကျနေတာပဲ။

သူက ကျနော့်ဆေးလိပ်ကို ရပ်နေရာကမရွှေ့ဘဲ လက်ဆန့်ပြီး လှမ်းပြန်ပေးတယ်။ သစ်မြစ်ဆုံ ကြီးက တော်တော်ကြီးတာမို့ ကျနော် ဘေးကိုနည်းနည်းရွှေ့ထိုင်ပေးပြီး သူ့ကိုလာထိုင်ဖို့ နေရာပေးလိုက်တယ်။ လက်ကိုဆွဲပြီးထိုင်ခိုင်းလိုက်တော့ သစ်မြစ်ဆုံပေါ်မကျဘဲကျနော့်ပေါင်ပေါ် ထိုင်ကျသွားတယ်။ သူက နေရာမရွှေ့ဘဲ ဆက်ထိုင်နေတယ်။ ကျနော်လည်း သူ့ကိုယ်လုံး သေးသေးကွေးကွေး နွေးနွေးလေးကို ဆက်ပြီး ပွေ့ပိုက်ထားရင်း တဝက်လောက်ဝင်နေတဲ့ နေလုံးကြီးကို ဆက်ကြည့်နေတယ်။ ပတ်ဝန်းကျင်က သိသိသာသာ အေးပြီး တိတ်ဆိတ်လာတယ်။ ငှက်အော်သံတွေ ကြားရတယ်။ သူသောက်ထားတဲ့ဆေးလိပ်က စတော်ဘယ်ရီ လစ်ပ် ဘမ်းနံ့လေးရနေတယ်။ သူကကျနော့်လက်ထဲက ဆေးလိပ်ကို တလှည့်ယူပြီး ရှိုက်ဖွာနေတယ်။ အားသွားတဲ့ ကျနော့်လက်က သူ့ခါးကို ဖက်ထားတဲ့ လက်တဖက်ရဲ့ အပေါ်က ထပ်ပိုက်လိုက်တယ်။ နူးညံ့အိစက်တဲ့ သူ့ရင်သားလေးတွေကို ပိုက်မိတယ်။ မစဉ်းစားနိုင်ခင်ဘဲ ရင်သားထွားထွားလေးတစ်ဖက်ကို အင်္ကျီပေါ်က ဆုပ်ကိုင်မိတယ်။ သူကမရုန်းဘူး၊ ဆေးလိပ်ကိုရှိုက်ရင်း ငြိမ်ငြိမ်လေးခံနေတယ်။ ကျန်တဲ့လက်တစ်ဖက်ကလဲ နောက်ရင်သားတစ်ဖက်ကို ကိုင်မိတယ်။ အဲဒီတော့ အနေအထားက သူက ကျနော့်ပေါင်ပေါ်မှာ ထိုင်နေပြီး ကျနော်က နောက်က ဖက်ထားရင်း နို့လေးနှစ်ဖက်ကို စုံကိုင်ထားသလိုဖြစ်သွားတယ်။ လက်ထဲမှာ နွေးပြီးအိနေတယ်။ မနက်က သူ့ဘေးမှာအိပ်နေရင်း မထင်မှတ်ဘဲ တောင်နေတာကို သတိရပြီး ကျနော့်ကောင်က ခေါင်းထောင်ထလာပြန်တယ်။ ဘောင်းဘီအောက်ကနေ သူ့တင်ပါးလုံးလုံးအိအိလေးကြားကို သွားထောက်တယ်။ ကျနော်မလှုပ်ရဲဘူး။ လှုပ်လိုက်လို့ သူသတိဝင်သွားပြီး ဒီအခြေအနေလေး ပျက်သွားမှာကိုကြောက်နေတယ်။ သူ့မျက်နှာကို ဘေးတိုက်ခိုးကြည့်တော့ မျက်စိလေးမှိတ်ထားတယ်။ ကျနော် ဘယ်လိုမှမနေနိုင်တော့ဘဲ သူ့နို့လေးနှစ်ဖက်ကို စုံ ဆုပ်နယ်ပေးမိတယ်။ သူက ဆေးလိပ်ကိုပဲ သည်းကြီးမည်းကြီးရှိုက်ပြီး မျက်စိလေးမှိတ်ပြီး မှိန်းနေတယ်။ ဂျာကင်အောက်ကပေါ်နေတဲ့ လည်ကုပ်သားဝင်းဝင်းလေးကို ငုံ့ကိုင်းပြီး နှုတ်ခမ်းနဲ့ဖိကပ်နမ်းမိတယ်။ ကျနော်ပဲထင်မိတာလား တကယ်လားမသိဘူး သူ့တင်ပါးလေးက ကျနော့်ပေါင်ကြားကို ပိုဖိကပ်လာတယ်။ ဆောင့်လိုက်ချင်စိတ်ကို မနည်းထိန်းထားရတယ်။

အဲဒီအချိန်မှာ စီးကရက်အစီခံကို မီးလောင်တဲ့ညှော်နံ့ရလာတယ်။ သူက လက်ထဲကဆေးလိပ်တိုကို တောက်ထုတ်ပြီး ထရပ်ပြီး ခြေထောက်နဲ့နင်းသတ်လိုက်တယ်။ ကျနော်လဲ သတိဝင်လာပြီး သူနဲ့လိုက်ထရတယ်။ ထပ်ဖက်ချင်ပေမယ့် မသင့်တော်ဘူးလို့တွေးမိတယ်။ အမျိုးမတော်ပေမယ့် သူက ကျနော့်ညီမပဲလေ။ သူ့အပေါ်မှာ အခွင့်အရေး မယူချင်ဘူး။

နေကလုံးဝ ဝင်သွားပြီ၊ ပတ်ဝန်းကျင်တခုလုံး ချက်ချင်းမှောင်လာတယ်။ ကားထဲပြန်ဝင်ပြီး အိမ်ဘက် ပြန်မောင်းလာကြတယ်။ နကိုကတည်းက စကားများများမပြောဖြစ်တဲ့ သူနဲ့ကျနော် ဒီအပြန်လမ်းမှာတော့ ပိုပြီးတိတ်ဆိတ်နေတယ်။ 
ဟိုနေ့ညနေက အဖြစ်အပျက် ဖြစ်သွားပြီးတဲ့နောက်မှာ ခမ်းစုမီအပေါ် ကျနော် တသက်လုံးမြင်ခဲ့တဲ့ ကလေးတစ်ယောက်လို၊ ညီမအရင်းတစ်ယောက်လိုအမြင်ဟာ ပြောင်းသွားတယ်။ အဲဒီအတွက်လည်း တော်တော်ကို အပြစ်ရှိသလိုခံစားရတယ်။ ဒါပေမယ့် သွေးမတော်သားမစပ် တစ်မိုးတည်းအောက်မှာ နီးနီးစပ်စပ် အတူနေတဲ့ ဆွဲဆောင်မှုရှိတဲ့ ဆန့်ကျင်ဘက်လိင်တစ်ယောက်ပါလားဆိုတဲ့ အမြင်သစ်တစ်ခုနဲ့ မြင်လာပြီးတဲ့နောက်မှာ အဲဒီအမြင်ကို ပြန်ဖျောက်လို့မရတော့ဘူး။

သူ့အပေါ် အခွင့်အရေးယူသလို ဖြစ်သွားမလား၊ စိတ်ဆိုးနေမလား စိတ်ပူမိပေမယ့် မီကတော့ခပ်အေးအေးနဲ့ ဘာမှမဖြစ်ခဲ့သလိုပဲ ဆက်ဆံပြောဆိုနေတယ်။ မရည်ရွယ်ဘဲ ဖြစ်သွားတဲ့ကိစ္စတစ်ခုမို့ သူ့လိုပဲ မေ့မေ့ပျောက်ပျောက် နေလိုက်တာကောင်းမယ်လို့ ကျနော်တွေးမိတယ်။ အဲဒါကြောင့် သူ့ကို တတ်နိုင်သမျှ အရင်လိုဖြစ်အောင် ကြိုးစားပြီး ပြောဆိုဆက်ဆံနေတယ်။ ခက်တာက ဘေးမှာသူရှိနေတဲ့အခါ အရင်လိုသက်တောင့်သက်သာမရှိတော့ဘဲ စိတ်ထဲမှာ ဟိုနေ့ညနေကိုပဲ သတိရနေမိတာပဲ။

အဲလိုတွေဖြစ်နေရင်း တစ်ညနေကျနော့်အခန်းထဲမှာ တီဗီ ကြည့်ဖြစ်ကြတယ်။ နှစ်ယောက်ထိုင်ဆိုဖာပေါ်မှာအတူထိုင်ပြီးတရုတ် ဘီယာအေးအေးလေး တစ်ယောက်တစ်ပုလင်းစုပ်ရင်း Sherlock ဇာတ်လမ်းတွဲကို ကြည့်နေကြတာ။ စိတ်ကိုနှိုးဆွတဲ့အခန်းမျိုးတွေ ဘာတွေလဲမပါဘဲနဲ့ ဘေးမှာ သူရှိနေတာနဲ့တင်ကို ကျနော့်စိတ်တွေ တစ်မျိုးဖြစ်လာတယ်။ ဇာတ်လမ်းထဲ စိတ်ဝင်စားနေတဲ့ သူ့ကို မျက်လုံးထောင့်က ခိုးခိုးကြည့်နေမိတယ်။ ကြည်လင်နူးညံ့တဲ့ အသားအရေနဲ့ မျက်နှာဖြူဖြူလေးမှာ ပါးလေးတွေက မက်မွန်သီးရောင်သမ်းနေတယ်။ နှုတ်ခမ်းလေးတွေက နုထွေးပြီး ရဲရဲတွတ်တွတ်လေးတွေ။ လည်တိုင်သွယ်သွယ်လေးမှာ သွေးကြောစိမ်းစိမ်းလေးတွေပေါ်နေရုံတင်မကဘူး သေချာကြည့်ရင် သွေးပြန်ကြောလေးတစ်ခု နှလုံးခုန်တဲ့စည်းချက်နဲ့အညီ လှုပ်လှုပ်သွားတာကိုပါ မြင်နေရတယ်။ အဲဒီလည်တိုင်လေးကနေ အောက်ကိုဆက်ကြည့်လိုက်ရင် ပန်းနုရောင် ချယ်ရီပွင့်လေးတွေပါတဲ့ မွေးပွ ညဝတ်အင်္ကျီလေးရဲ့ကော်လာ။ ပြီးတော့ ညဝတ်အင်္ကျီပွပွရဲ့အောက်မှာတောင် မို့မို့လေးဖြစ်နေတဲ့ ရင်သားအစုံ။ ဘီယာသောက်နေရင်းနဲ့ကို ကျွန်တော်အာခြောက်လာတယ်။ တံတွေးကို ကြိုးစားမျိုချရင်း လက်ထဲမှာရှိတဲ့ ပုလင်းကုန်အောင် မော့ချလိုက်တယ်။ ဒါပေမယ့် ခေါင်းထဲမှာဖြစ်လာတဲ့ ပြင်းပြတဲ့ဆန္ဒတွေက ဘီယာနဲ့အတူမျောမသွားဘူး။

အာရုံလွှဲမှဖြစ်တော့မယ်လို့တွေးမိတယ်။ သူ့ကိုလဲ ဇာတ်လမ်းကြည့်နေရင်း တဝက်တပျက်နဲ့ ပြန်လွှတ်လိုက်လို့မကောင်းဘူး။ Sherlock ဆိုတာလဲ သိတဲ့အတိုင်းပဲ၊ တစ်ပိုင်းတစ်ပိုင်းကို အကြာကြီး။ စက်ထဲမှာ Season တစ်ခုလုံးပါတဲ့ DVD ထည့်ထားတာဆိုတော့ သူသာဆက်ကြည့်နေဦးမယ်ဆို သန်းခေါင်ကျော်တဲ့ထိတောင် ပြီးမှာမဟုတ်ဘူး။ အဲဒါနဲ့ နောက်ဆုံး သူဆက်ကြည့်ချင်လဲကြည့်ပါစေ ကျနော်တော့ အရက်သောက်ပြီး အိပ်ပစ်လိုက်တော့မယ်လို့ ဆုံးဖြတ်ပြီး ဝီစကီထစပ်ပြီး သောက်နေလိုက်တယ်။ မြန်မြန်မူး မြန်မြန်အိပ် အေးရောဆိုပြီး ဖန်ခွက်အရှည်နဲ့ကို သောက်နေတာ။

"ကိုကို၊ အဲလောက်အများကြီးသောက်ရင် မူးကုန်မှာပေါ့၊ ဇာတ်ကားဘယ်ကြည့်နိုင်တော့မလဲ။"

ကျနော့်ဘက်ကို ငုံ့ကိုင်းရင်း ပြောလိုက်တဲ့ မျက်နှာလေးကိုမြင်မှ အဖြစ်တွေပိုဆိုးလာတော့တာပဲ။ မျက်လုံးညိုညိုရွဲရွဲကြီးတွေရယ် နှုတ်ခမ်း နီနီထွေးထွေးလေးရယ်နဲ့ ကျနော့မျက်နှာဟာ တစ်ပေတောင်မကွာတော့ဘူး။ ဘာလုပ်လို့လုပ်မိမှန်း မသိခင်မှာ သူ့ကိုဆွဲဖက်ပြီး နှုတ်ခမ်းလေးတွေကိုနမ်းလိုက်မိတယ်။

သူ အံ့အားသင့်ပြီး တောင့်တောင့်လေး ဖြစ်သွားပေမယ့် ဒီတစ်ခါလဲ မရုန်းဘူး။ နူးညံ့တဲ့သူ့နှုတ်ခမ်းလေးတွေကိုအထက်အောက် တလှည့်စီ စုပ်နမ်းမိတယ်။ စတော်ဘယ်ရီ လစ်ပ်ဘမ်း အနံ့နဲ့ ဘီယာနံ့ရတယ်။ သူ့လျှာဖျားလေးကို ကျနော့်လျှာနဲ့ တို့ထိပွတ်သပ်ပြီး ကစားမိတယ်။ နှုတ်ခမ်းကို တမေ့တမောနမ်းပြီးတော့ မေးရိုးတလျောက်ကနေ လည်ပင်းသား နုနုလေးဆီအထိဆက်တိုက်နမ်းမိတယ်။ နမ်းရင်း လက်တဖက်က သူ့ကို ပွေ့ပိုက်ထားပြီး ကျန်တဲ့လက်တဖက်က သူ့ဆံပင်လေးတွေကို ပွတ်ပေးနေတယ်။ ညဝတ်အင်္ကျီကြယ်သီးလေးတွေကို တစ်လုံးချင်းဖြုတ်လိုက်တယ်။ သုံးလုံးပြုတ်သွားတော့ သူ့ကို ဆိုဖာပေါ် အသာလေးတွန်းဖိ မှီထားပေးရင်း အင်္ကျီရင်ဘတ်ကို ဆွဲဟလိုက်တယ်။ ဟိုနေ့က မမြင်လိုက်ရတဲ့ နုအိဖွံ့ထွားတဲ့ နို့လေးတွေ ဘွားခနဲပေါ်လာတယ်။ ပန်းနုရောင်နို့သီးခေါင်းလေးတွေက အအေးကြောင့်လား စောစောက နမ်းထားတဲ့စိတ်လှုပ်ရှားမှုကြောင့်လားမသိဘူး ထောင်မတ်နေတယ်။ နို့လေးနှစ်ဖက်လုံးကို လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်ပင့်လိုက်ရင်း ဘယ်ဘက်က နို့သီးခေါင်းလေးကို စို့လိုက်မိတယ်။ သာသာလေး ဆုပ်ခြေပေးနေရင်း တစ်မိနစ်လောက်စို့ပြီး နောက်တစ်ဖက်ပြောင်းစို့တယ်။

အခုအချိန်အထိ သူငြိမ်ငြိမ်လေးခံနေတုန်းပဲ။ အသက်ရှူသံလေးတွေ မြန်လာပြီး နှုတ်ခမ်းကို တင်းတင်းလေးကိုက်ထားတယ်။ မျက်လုံးလေးတွေကို မှိတ်ထားတယ်။ ကျနော် နို့စို့တာကို လွှတ်လိုက်ပြီး ဘယ်လက်နဲ့ သူ့နို့လေးတွေကို တလှည့်စီ ဆုပ်နယ်ပေးနေရင်း ညာလက်က အိမ်နေရင်းဝတ် အားကစားဘောင်းဘီရဲ့ မျှော့ကြိုးကို ဆွဲချပြီး ကိုယ့်ကောင်ကို ဆွဲထုတ်လိုက်မိတယ်။ အသင့်အနေအထားနဲ့ တင်းတောင်နေတာ ဆယ်မိနစ်လောက်ရှိသွားပြီမို့ ထိပ်ဖျားမှာ အရည်ကြည်တွေရွှဲနေတယ်။ ဘောင်းဘီနဲ့ပဲ ပြန်သုတ်လိုက်ရင်း သူ့လက်ကလေးတစ်ဖက်ကိုဆွဲပြီး အတံပေါ်ကို တင်ပေးလိုက်တယ်။ အထိအတွေ့ကြောင့် သူမျက်လုံးဖွင့်ကြည့်တယ်။ ကျနော်သူ့လက်ကို ဆုပ်ကိုင်ပြီး ရှေ့တိုးနောက်ဆုတ်လုပ်ပေးလိုက်တယ်။ လက်ကိုလွှတ်လိုက်တော့ သူကရပ်မသွားဘဲ ဆက်လုပ်ပေးနေတယ်။ အရင်လုပ်ဖူးမှန်းသိသာနေတဲ့လက်လှုပ်ရှားမှုကို ခံစားနေရင်း ကျနော့်သွေးတွေ ဆူဝေလာတဲ့အထိကို ကောင်းနေတယ်။ အရင်ကတည်းက ဒီလိုပတ်သက်မှုမျိုးတွေ ရှိကြမယ်လို့ မျှော်လင့်ထားပြီးသားဖြစ်ပေမယ့် ခွန်နောင်ကိုလဲ ဒီလိုပဲ ကွင်းတိုက်ပေးခဲ့လိမ့်မယ်လို့ မြင်ယောင်ကြည့်မိသွားတဲ့အခါ ရင်ထဲမှာ နှမြောသလိုလို တစ်မျိုးကြီးပဲ။

ခုချိန်မှာ သူကဆိုဖာပေါ်မှာ ထိုင်နေပြီး ကျနော်က ရပ်နေတာဆိုတော့ ကျနော့်ကောင်ဟာ သူ့မျက်နှာနားမှာ ဝဲနေတယ်။ ကတ္တီပါလို နူးညံ့ပြီး စိုစွတ်ပူနွေးတဲ့ ပါးစပ်ကလေးထဲကို ထိပ်ဖူးကို ထိုးထည့်လိုက်ချင်တဲ့ ဆန္ဒဖြစ်လာမိတယ်။ အဲဒီဆန္ဒနဲ့အတူ ရေနွေးပူနဲ့ပက်သလို ဖျန်းခနဲ နောင်တစိတ်ဝင်လာတယ်။ တသက်လုံး ညီမလေးလိုနေလာတဲ့သူတစ်ယောက်ကို လိင်စိတ်ဖြေဖျောက်ဖို့အတွက် အသုံးချနေမိတာပဲ။ နောင်တရလာပေမယ့် ဆန္ဒကတော့ ကျမသွားဘူး။ စိတ်ထဲမှာ အပြစ်ရှိသလိုခံစားရတာကသတ်သတ်၊ အကြောထဲစိမ့်နေအောင် ကောင်းနေပြီး ခန္ဓာကိုယ်တစ်ခုလုံးကသွေးတွေ ပွက်ပွက်ဆူနေတာကသတ်သတ်ပဲ။ ကျနော်အလွန်ဆုံးထိန်းလို့ရတာက သူ့ဘောင်းဘီလေးကို ဆွဲချွတ်ပြီး နေရာမှာတင်လုပ်မပစ်မိအောင်ရယ်၊ ပါးစပ်လေးထဲကို ထိုးမထည့်မိအောင်ရယ်ပဲ ထိန်းလို့ရမယ်။

ပြီးခါနီးလာတာနဲ့အမျှ ကျနော့်လိင်တံထဲသွေးတွေပိုရောက်လာပြီးဖောင်းကြွတင်းမာလာတယ်၊  သူ့လက်ထဲကပြန် ဆွဲယူရင်း စိတ်ကိုတင်းပြီး ခပ်ကြမ်းကြမ်းတိုက်မိတယ်။ ဘယ်လက်က သူ့နို့လေးတွေကို ဆုပ်နယ်နေရင်း ညာလက်က ကွင်းတိုက်နေလိုက်တာ သုံးမိနစ်လောက်အကြာမှာ ကျနော်ပြီးသွားတယ်။ ခံစားချက်က အရမ်းပြင်းထန်ပြီး မူးနေတဲ့အရှိန်နဲ့ဆိုတော့ လေထဲမျောလွင့်နေသလိုပဲ။ တကယ်လုပ်ခဲ့ရသမျှတွေထက်တောင် ပိုကောင်းနေသလိုခံစားရတယ်။

အထွဋ်အထိပ်ရောက်နေတဲ့ခံစားချက် တဖြည်းဖြည်းကျလာတဲ့အခါမှ ကျနော်သတိဝင်လာတယ်။ ဆိုဖာပေါ်မှာ အင်္ကျီရင်ဘတ်ပွင့်နေတဲ့ ညီမလေးခမ်းစုမီက မှီလှဲရင်း ပက်လက်ကလေး။ လှုပ်ဖို့အားမရှိတော့သလို ဖျော့တော့တော့လေး။ ကျနော်က လက်ထဲမှာ ပျော့စပြုလာတဲ့ လိင်တံကို ကိုင်ထားပြီး မတ်တပ်။ ဆိုဖာထောင့်စွန်းမှာ စောစောကပန်းထုတ်ထားတဲ့ သုက်ရည်တွေ။ TV မှာ Sherlock က နောက်တစ်ပိုင်းလာနေပြီ။
အကုန်သုတ်သင်သန့်ရှင်း၊ သူ့ကိုကြယ်သီးတပ်ပေး။ TV ပိတ်ပြီး အိမ်သာထဲ ခဏဝင်သွားလိုက်တယ်။ ပြန်ထွက်လာတဲ့အချိန်မှာ ခမ်းစုမီက ကျနော့်အိပ်ရာပေါ်မှာ ခုတင်စွန်းလေးမှာ ကွေးကွေးလေး အိပ်နေတယ်။

ကျနော် ကုတင်ပေါ်တက်ပြီး သူ့ကို ဆွဲယူပွေ့ပိုက်ထားရင်း ကျောလေးကို ပွတ်ပေးနေမိတယ်။ အရက်ရှိန်က အခုမှပိုတက်လာတယ်။ ဘာကိုမှ သေချာမစဉ်းစားနိုင်တော့ဘူး။ မီဘာလို့ပြန်လာတာလဲ၊ ဘာကိစ္စနဲ့ ဒီလောက်စိတ်ညစ်လာတာလဲ၊ သူနဲ့ခွန်နောင်နဲ့က ပြတ်လာတာလား မပြတ်သေးဘူးလား၊ ကျနော်နဲ့မီနဲ့ကရော အခုဘာတွေလဲ။ မေးခွန်းတွေသာ ခေါင်းထဲမှာ ချာချာလည်နေပေမယ့် အဖြေမရှိဘူး။ သူ့လက်လေးတဖက်က ကျနော့်ကျောကို မမီတမီလှမ်းဖက်တယ်။ သူ့ကို ပိုတိုးပြီး ဖက်ထားရင်း ခေါင်းလေးကို ကျနော့်ရင်ခွင်ထဲ ဆွဲသွင်းလိုက်တယ်။ ခုချိန်မှာ သူနဲ့ကျနော် အတူရှိနေတာကိုပဲ ကျေနပ်ပြီး ကျန်တာတွေ မနက်ဖြန်မှစဉ်းစားတော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။
"ဒေါက် ဒေါက် ဒေါက်"

"ဆရာ၊ ဆရာ၊ ဆရာကိုတာရာ၊ ခြံရှေ့မှာ ဧည့်သည်ရောက်နေတယ်။"

ထမင်းချက် အိမ်ထိန်း အဒေါ်ကြီး မနန်းပုံရဲ့ အခန်းတံခါးကို ဆက်တိုက်ခေါက်သံနဲ့အတူ ခြံရှေ့က လူခေါ်ဘဲလ်ကိုအဆက်မပြတ် တီးသံကြောင့် ကျနော်လန့်နိုးလာတယ်။ ကျနော့်လက်မောင်းပေါ် ခေါင်းအုံးပြီးအိပ်နေတဲ့ ခမ်းစုမီလဲ မျက်လုံးပွင့်လာတယ်။

"မနန်းပုံ၊ မနက်အစောကြီး ဘယ်ကဧည့်သည်လဲဗျ။"

"ခမ်းစုမီရည်းစား ဟိုအဆိုတော်ကောင်လေးရောက်နေတာ။"

ကျနော် ဝုန်းဆိုပြီး ခုတင်ပေါ်ကခုန်ဆင်းလိုက်မိတယ်။ အခန်းတံခါးကို ဆွဲဖွင့်ပြီး လျှောက်လမ်းကနေ ဧည့်ခန်းထဲ ဝင်ပြီး သော့တွဲကိုယူတယ်။ ပြီးတော့ အိမ်တံခါးဖွင့်ပြီး ခြံထဲကို ခြေလှမ်းကျဲကျဲနဲ့ဖြတ်လျှောက်လာတယ်။  ခြံဝမှာ သံပန်းတံခါးကိုကိုင်လှုပ်လိုက်၊ ဘဲလ်တီးလိုက် လုပ်နေတဲ့ စဝ်ခွန်နောင်ကို တွေ့ရတယ်။ သူ့ဘေးမှာလဲ ခရီးဆောင်အိတ်တစ်အိတ်ကို မြေကြီးပေါ်ချထားတယ်။ ခုမှ ကားပေါ်ကဆင်းလာပြီး အိမ်တောင် မပြန်ရသေးတဲ့ပုံပဲ။
ကျနော် သော့ဖွင့်ပြီး သံပန်းတံခါးကို ဆွဲဖွင့်ပေးရင်း မေးလိုက်တယ်။

"ခွန်နောင်၊ မင်းဘာဖြစ်လာတာလဲ။ အေးအေးဆေးဆေး ပြောလို့ရပါတယ်။"

ကျနော်တံခါးကို ဆွဲဖွင့်ပေးလိုက်ရင်ပေးလိုက်ချင်းပဲ ခွန်နောင်က ဝုန်းကနဲပြေးဝင်လာတယ်။ ပြီးတော့ ဘာမပြောညာမပြော ကျနော့်မျက်နှာကို လက်သီးနဲ့ပစ်ထိုးလိုက်တယ်။

"ခွပ်"

"စိုင်းတာရာမောင်၊ ဒါတွေအားလုံး ခင်ဗျားကြောင့်၊ ခင်ဗျားဇာတ်လမ်းရှုပ်လို့ဖြစ်ရတာ။"

အလစ်မို့ ကာချိန်မရဘဲ ခံလိုက်ရတယ်။ လက်သီးက အပေါ်နှုတ်ခမ်းနေရာကိုကျလာပြီး မျက်စိထဲမှာ မီးပွင့်သွားတယ်။ ပါးစပ်ထဲမှာငန်ကျိကျိအရသာ ရလာတယ်။ နှုတ်ခမ်းကွဲသွားပြီဆိုတာသိလိုက်တယ်။ အသားနာသွားတာနဲ့တပြိုင်နက်တည်း စဉ်းစားချိန်မရလိုက်ဘဲ ခွန်နောင့်ဂျာကင်ကော်လာကို စုကိုင်ပြီး မျက်ခွက်ကို ပြန်ထိုးလိုက်တယ်။ နှာခေါင်းကိုထိပြီး သွေးတွေကျလာတယ်။

အဲဒီအချိန်မှာ အိမ်ထဲက ပြေးထွက်လာတဲ့ ခမ်းစုမီရယ် မနန်းပုံရယ်၊ ခြံစောင့်အိမ်ထဲက မြက်ခုတ်ဓားတစ်ချောင်းဆွဲ ပြီးထွက်လာတဲ့ မနန်းပုံယောက်ျား ဗဟာဒူးရယ် ခြံဝကိုရောက်လာကြတယ်။

"ခွန်နောင် နင်ဘာလာလုပ်တာလဲ"

ခမ်းစုမီက အံကြိတ်ထားတဲ့ကြားက ထွက်လာတဲ့လေသံနဲ့မေးတယ်။

"နင့်ကိုငါလာတောင်းပန်တာ။"

"ငါအမျိုးမျိုး တောင်းပန်တိုးလျိုးခဲ့တုန်းက နင်အသည်းမာမာနဲ့ လုပ်ချင်ရာလုပ်ခဲ့ပြီး အခုမှ လိုက်လာရသလား။မလိုတော့ဘူးခွန်နောင်။"

"ငါအခု ဆုပန်ရွယ်ကို ဖြတ်ခဲ့ပြီစုမီ။ နင့်ကိုဘယ်လိုပဲဖြစ်ဖြစ် လက်ခံဖို့ဆုံးဖြတ်လိုက်ပြီ။ နင့်စိတ်ထဲမှာဖြစ်ချင်တာဖြစ်နေပါစေ ငါလက်ခံမယ်။ ပြသနာမရှာတော့ဘူး။"

ခွန်နောင်က နှာခေါင်းဝကသွေးတွေကို ဝတ်ထားတဲ့တီရှပ်နဲ့သုတ်ရင်း ပြောတယ်။ သူတို့ နှစ်ယောက်ပြောနေတဲ့စကားတွေကို ကျနော်အပြည့်အဝနားမလည်ဘူး။ ဒါပေမယ့် သူတို့ကြားထဲမှ ရှင်းဖို့လိုနေတဲ့ ပြသနာတစ်ခုရှိနေမှန်းသိတယ်။ ပါးစပ်ထဲမှာ ပြည့်လာတဲ့ တံတွေးနဲ့ရောနေတဲ့သွေးတွေကို ထွေးထုတ်လိုက်ရင်း မနန်းပုံနဲ့ ဗဟာဒူးကို တော်ရာသွားနေဖို့လက်ပြလိုက်တယ်။

"မရဘူး။ ဒီဇာတ်လမ်းကို နင်ဖြတ်ခဲ့တာ။ အခုမှပြန်ဆက်ဖို့မကြိုးစားနဲ့တော့။ ငါတတ်နိုင်သမျှ နင်စိတ်ကျေနပ်အောင် နေပေးခဲ့တယ်။ နင့်ရဲ့စွပ်စွဲမှုတွေအောက်မှာ ငါအရမ်းစိတ်ဆင်းရဲခဲ့ရတယ်။ ဒါပေမယ့် ငါကျိတ်မှိတ်နေခဲ့ပါတယ်။
နင်တက်ခိုင်းတဲ့အတိုင်း မန္တလေးကိုလည်း ကျောင်းပြောင်းတက်ခဲ့တယ်။ ဒါကိုနင်ကမကျေနပ်နိုင်ဘူး။ အမြဲတမ်း ပြဿနာအမျိုးမျိုးရှာတယ်။ မကျေမနပ်ပဲ ဖြစ်နေတယ်။ နောက်ဆုံး ငါနင့်အနားမှာ မနေနိုင်တော့တဲ့အထိလုပ်တယ်။ အဲဒီလိုတွေ လုပ်ခဲ့ပြီးမှ ပြန်လာခဲ့ပါလို့ ခေါ်တာကို ငါဘယ်လိုလိုက်ရမလဲ။"

ခမ်းစုမီမျက်နှာလေးက နီရဲနေတယ်။ မျက်လုံးညိုညိုတွေထဲမှာ မျက်ရည်တွေလည်လာတယ်။

"ခွန်နောင်၊ မင်းတို့ပြဿနာတွေ ငါမသိဘူး။ ဒါပေမယ့် ခမ်းစုမီကို မင်း စိတ်ဆင်းရဲအောင် လုပ်ခဲ့တာတော့သေချာတယ်။ ပြီးတာတွေ ထားလိုက်တော့။ နောက်ထပ်တော့စိတ်ဒုက္ခမပေးပါနဲ့။"

"ဟားဟားဟား..."

ကျနော်ဝင်ပြောလိုက်တဲ့အချိန်မှာ ခွန်နောင်က ခေါင်းကို နောက်လှန်ချပြီး ဟက်ဟက်ပက်ပက် ရယ်လိုက်တယ်။ မျက်နှာနဲ့ သွားတွေပေါ်မှာ သွေးတွေပေကျံနေတဲ့ သူ့ပုံစံက အရူးတစ်ယောက်နဲ့တူနေတယ်။

"ဒီမှာ၊ ကျုပ်နဲ့ စုမီနှစ်ယောက်တည်းရှိရင် လောကကြီးက သာသာယာယာပဲဗျ။ ခင်ဗျားရှိလို့ ရှုပ်နေတာ။ ခမ်းစုမီကို တလျောက်လုံး စိတ်ဒုက္ခအပေးခဲ့ဆုံးလူဟာ ခင်ဗျားပဲ။"

"ခွန်နောင်၊ နင်ကိုကို့ကို ဒီလိုမပြောနဲ့"

"ငါပြောတာအမှန်တွေမဟုတ်ဘူးလား။ ဟိုက နင့်ကို ရှိတယ်ထင်လား။ နင်ကသာတဖက်သတ်ကြိုက်နေတာ။  ညီမလိုဂရုစိုက်တာကို သာယာနေတာ။ သူကအချိန်တန်ရင် စင်ကာပူက သူ့ရည်းစားနဲ့သူ ယူသွားမှာ။ နင့်ကိုထားခဲ့မှာ။ ဒါကို နင်က သံယောဇဉ်မပြတ်နိုင်ဘူး။ ငါနဲ့ကြိုက်တာတောင်မှ သူက နင့်ကိုတွဲမှာမဟုတ်ဘူးဆိုတာသေချာလို့ စိတ်လေပြီးတွဲခဲ့တာမဟုတ်ဘူးလား။"

ကြားရတဲ့စကားတွေကြောင့် ကျနော်အံ့အားသင့်သွားမိတယ်။ ခွန်နောင်ဘာတွေပြောနေတာလဲ။

"အတိတ်ကဖြစ်ခဲ့တာတွေ ငါဘယ်လိုတတ်နိုင်မှာလဲ။ နင်နဲ့တွဲကတည်းက နင့်အပေါ်ငါ တကယ်စိတ်ရင်းအမှန်နဲ့ချစ်ခဲ့တယ်။ နင်ဖြစ်ချင်တာတွေကိုလဲ တတ်နိုင်သမျှလိုက်လျောခဲ့တယ်။ အဲဒါကို နင်ကမကျေနပ်နိုင်ဘဲ အမြဲတမ်းပြသနာရှာနေခဲ့တာ။ အခု အရွဲ့တိုက်ပြီး တခြားမိန်းမနဲ့ကြိုက်တယ်။ ငါအသည်းလဲကွဲရတယ်၊ အရှက်လဲကွဲရတယ်။ "

"မရှာဘဲ ဘယ်လိုနေရမှာလဲ။ နင့်စိတ်က ငါ့ကိုချစ်တယ်သာပြောတာ နင်ဟိုကောင့်ကို မသိစိတ်ထဲကမျှော်လင့်နေတာ သိနေတာပဲ။ တလျှောက်လုံး ငါ့မှာ ခံစားခဲ့လိုက်ရတာ။  ငါ့ကိုတကယ်ချစ်ရင် ကျောင်းပြီးခါနီးလက်မှတ်ထိုးထားမယ်ဆိုတာလဲ ထိုးနိုင်ရမှာပေါ့။ နင်ကခါးခါးသီးသီးပဲ။"

"ငါ့အသက် ၂၀၊ ယောက်ျားယူရမယ့်အရွယ်မဟုတ်သေးဘူး။ "

ခွန်နောင်က အရူးလိုထပ်ရယ်ပြန်တယ်။ ခမ်းစုမီရဲ့ ပခုံးနှစ်ဘက်ကို ဆွဲခါတယ်။ ကျနော်သူ့လက်တွေကို ဆွဲဖြုတ်ပြီး ရင်ဘတ်ကိုဆောင့်တွန်းလိုက်တယ်။ မီ့ကို ကျနော့်နောက်ကျောဘက်ကို ပို့ထားလိုက်တယ်။

"ဒီမှာစုမီ၊ နင်အပိုတွေမပြောနဲ့။ နင့်စိတ်နင်ပြန်ကြည့်။ ငါနဲ့တော့ ငယ်သေးတယ်တဲ့။ စိုင်းတာရာမောင်ကသာနင့်ကိုယူမယ်ဆိုရင် နင်ယူမှာမဟုတ်ဘူးလား။ မလိမ်ဘဲ အမှန်အတိုင်းဖြေ။"

ခမ်းစုမီငိုနေပြီ။ မျက်နှာလေးက နီစုတ်ပြီး မျက်ခွံတွေမို့နေတယ်။ နှုတ်ခမ်းကို ကိုက်ထားပြီး ကျိတ်ကျိတ်ပြီးရှိုက်နေတယ်။

"ဟုတ်တယ်၊သူကသာယူမယ်ဆိုရင် ယူမှာ။ ငါ့ဘဝမှာ ငါ့အပေါ်ကောင်းတာ သူတစ်ယောက်ပဲရှိတယ်။ သူ့ကိုငါချစ်တယ်။ နင့်ကိုပြောင်းချစ်ဖို့ ငါကြိုးစားခဲ့တယ်။ ဒါပေမယ့် နင်က စိတ်မလုံခြုံဘဲ ငါ့ကိုအမြဲသဝန်တိုခဲ့တယ်။ နင်အဲလိုလုပ်တာတွေက ငါ့ကိုဝေးအောင်တွန်းပို့နေသလိုပဲ။ အခု ငါသိပြီ။ နင့်ကိုဘယ်လိုမှ ချစ်လို့မရဘူး။ နင်နဲ့ငါဇာတ်လမ်းပြီးပြီ၊ နင်ပြန်တော့။"

ခမ်းစုမီက ချာကနဲလှည့်ပြီး အိမ်ထဲကိုပြေးဝင်သွားတယ်။ ခွန်နောင်က ပြေးလိုက်ဖို့ပြင်တယ်။ လက်မောင်းတဖက်က လည်ပင်းကိုနောက်ကျောကနေ ဖက်ညှစ်ထားပြီး ကျန်တဲ့လက်တဖက်နဲ့ သူ့လက်နှစ်ဖက်ကို နောက်ကျောမှာ ပူးကိုင်ပြီးချုပ်ထားလိုက်တယ်။

"ဒီမှာခွန်နောင်၊ ဖြစ်ခဲ့တာအကုန်လုံးအတွက် ငါစိတ်မကောင်းပါဘူး။ ဘယ်သူမှ တမင်တကာလုပ်ခဲ့တာလဲ မပါဘူး။ သူ့အလိုအလျောက် ဖြစ်လာတဲ့ကိစ္စတွေမို့ မင်းလည်း ခုချိန်မှာ ဘာမှ ပြောင်းလဲလို့ရတော့မယ်မထင်ဘူး။ ငါခမ်းစုမီကို အရင်က ညီမလိုပဲ။ ဟုတ်တယ်။ အခုရည်းစားလိုကြိုက်တယ်။ အဲဒီတော့ မင်းပြန်ပါတော့။ ရည်းစားအသစ်နဲ့ ပျော်ပျော်နေပါ။"

သူ့နားနားကို ကပ်ပြီး လေသံအေးအေးနဲ့ပြောရင်း ခြံပြင်ကို ဆွဲထုတ်လာခဲ့တယ်။ ခြံတံခါးကျော်တော့ လွှတ်ပေးလိုက်ပြီး သူ့ခရီးဆောင်အိတ်ကို လက်ထဲကောက်ထည့်ပေးလိုက်တယ်။ ခွန်နောင်က အိတ်ကို ယူလိုက်ပြီး နီရဲနေတဲ့မျက်လုံးတွေနဲ့ ကျနော့်ကို အံကြိတ်ပြီးကြည့်တယ်။ ခြံတံခါးကို နှစ်ချက်သုံးချက် ဆောင့်ကန်တယ်။ ပြီးတော့ မလှမ်းမကမ်းက ဆိုက်ကယ်တက်စီ ဂိတ်ဘက်ကို ခြေလှမ်းကြဲကြဲနဲ့ ထွက်သွားတယ်။

တံခါးကို သော့ပြန်ခတ်ရင်း ကျနော့်အတွေးတွေ ချာချာလည်နေတယ်။ မီနဲ့ ခွန်နောင် ပြဿနာဖြစ်ကြတာ ကျနော့်ကြောင့်ဖြစ်မယ်လို့ တစ်ခါမှမထင်ခဲ့မိဘူး။ ပိုဆိုးတာက မီကျနော့်ကို စိတ်ဝင်စားနေလိမ့်မယ်လို့ သိကိုမသိခဲ့ဘူး။  အိမ်ဘက်ကို ပြန်လျှောက်လာတဲ့ခြေလှမ်းတွေဟာ လေထဲမှာလျှောက်နေရသလိုပဲ။ အခန်းတံခါးကို ဆွဲဖွင့်လိုက်တော့ သူမရှိတော့ဘူး။ စိတ်ပူသွားပြီး သူ့အခန်းထဲပြေးကြည့်မိတယ်။ ပန်းနုရောင် အိပ်ရာခင်းတွေနဲ့ မိန်းကလေးဆန်ဆန် ပြင်ဆင်ထားတဲ့ ခုတင်လေးပေါ်မှာ အမွေးပွစောင်ကို အလုံးလိုက်လေးခြုံထားပြီး တသိမ့်သိမ့်ရှိုက်ငိုနေတဲ့ ခန္ဓာကိုယ်လေးကိုမြင်မှ စိတ်အေးသွားတယ်။ စောင်ကိုဆွဲဖယ်ပြီး သူ့ကိုယ်လုံးလေးကိုဖက်ထားမိတယ်။ လွန်ခဲ့တဲ့ ၁၄ နှစ်ကလိုပဲ ကျနော့်ပခုံးမှာ ပူနွေးတဲ့ သူ့မျက်ရည်တွေနဲ့စိုရွှဲသွားတယ်။
ပခုံးပေါ်ကို စီးကျနေတဲ့မျက်ရည်နွေးနွေးတွေ စဲသွားတဲ့အချိန်အထိ၊ ရှိုက်သံလေးတွေ ကျဲသွားတဲ့အချိန်ထိ သူ့ကျောလေးကို ပွတ်ပေးရင်း ဖက်ထားပေးမိတယ်။

"ကိုကို လုံးဝမသိခဲ့ဘူး၊ နည်းနည်းလေးမှတောင် မရိပ်မိခဲ့ပါဘူး။ ကိုကိုတောင်းပန်ပါတယ် မီရယ်။"

သူ့ခေါင်းထိပ်ကလေးကို နမ်းရှိုက်ရင်း နူးညံ့တဲ့ ဆံပက်ပျော့ပျော့လေးတွေထဲကို ခပ်တိုးတိုးပြောမိတယ်။

"သိခဲ့ရင်... ပိုဆိုးမှာပေါ့။ ကိုကို့မှာ မအေမီရှိတာပဲ။ ပြီးတော့... မီ့အပေါ်... ကိုကိုရိုးရိုးသားသားပဲ သဘောထားတာ... မီသိပါတယ်။"

သူက ရှိုက်သံလေးတဝက်နဲ့ ပြတ်တောင်းပြတ်တောင်းလေးပြောတယ်။ အေမီနဲ့ဆက်ဆံရေးကို သူ့ကို ရှင်းမပြခဲ့မိတဲ့အတွက် ကျနော် အကြီးအကျယ်နောင်တရမိတယ်။

"ညီမလေးထင်သလိုမဟုတ်ဘူး မီ။ ကိုကိုနဲ့အေမီက အဲလိုဆက်ဆံရေးမျိုးမဟုတ်ဘူး။ နောက်မှရှင်းပြမယ်။ ခုချိန်မှာတော့ ကိုကိုနဲ့အေမီဟာ ဘာနှောင်ကြိုးမှမရှိဘူးဆိုတာ မှတ်ထားပေးပါ။"

သူ့ရှိုက်သံလေးတွေ ပြန်စိပ်လာပြန်တယ်။ ရင်ခွင်ထဲက ကိုယ်လုံးနွေးနွေးလေးဟာ တသိမ့်သိမ့်ခါနေတယ်။

"မီ့ကို...ချစ်မယ့်သူတစ်ယောက်မှမရှိဘူး။ ဖေဖေကလဲ... မီမှတ်မိတဲ့အချိန်မှာ သေသွားပြီ။ မေမေကလဲ... သူ့ကိုယ်သူပဲချစ်တယ်။ မီကလဲ ဘယ်သူ့ကိုမှ မချစ်ဘူး။
အိမ်ပြောင်းလာတဲ့နေ့ ကိုကိုနဲ့တွေ့တဲ့အချိန်ကစပြီး... မီ့ကိုချစ်မယ့်သူရလာတယ်။ အဲဒီနေ့က ကိုကိုဖက်ထားပေးတာ ခုထိမှတ်မိသေးတယ်။ အခု...ဖက်ထားသလိုမျိုးပဲ။
ကိုကိုနိုင်ငံခြားသွားတဲ့အချိန်က...အရမ်းဝမ်းနည်းတာ။ တစ်ရက်မှ မပျော်ဘူး။ ကိုကိုနဲ့စကားပြောရရင် ပိုလွမ်းတယ်။ အဲဒါကြောင့်...နောက်ပိုင်း ဖုန်းမပြောတော့ဘူး။"

"ကိုကို မသိခဲ့ဘူး မီရယ်။  အဲဒီတုန်းက ဘာလို့မတားခဲ့တာလဲ။ "

"မီ မန္တလေးမှာကျောင်းသွားတက်မှာ ကိုကိုမတားသလိုပဲပေါ့။ မတားရက်ဘူး...ကိုကို့ဘဝကို ချုပ်မထားချင်ဘူး။"

သူ့မေးလေးကို ဆွဲမော့ပြီး မျက်ရည်တွေစိုရွှဲ မို့အစ်နေတဲ့ မျက်နှာဖူးဖူးလေးကို နေရာအနှံ့နမ်းမိတယ်။ သူ့မျက်ရည်တွေကို ကျနော့်ပါးနဲ့သုတ်လိုက်၊ လက်နဲ့သုတ်လိုက်၊ မျက်ရည်ပေစွန်းနေတဲ့ မျက်လုံးလေးတွေ၊ ပါးလေးတွေ၊ နဖူးလေးတွေ၊ နှုတ်ခမ်းလေးတွေကို ညင်ညင်သာသာလေး နမ်းလိုက်နဲ့ သူအငိုတိတ်စပြုလာတယ်။ ကျနော့် နှုတ်ခမ်းကို သူ့နှုတ်ခမ်း နွေးနွေးစိုစိုလေးတွေနဲ့ ဖွဖွလေး ပြန်နမ်းတဲ့အချိန် ရင်ထဲမှာ လှိုက်ခနဲဖြစ်သွားတယ်။ ဒါ သူ့ဆီကရဖူးတဲ့ ပထမဆုံး တုံ့ပြန်အနမ်းပဲ။ ကျနော့်နှုတ်ခမ်းနဲ့ သူ့နှုတ်ခမ်းကို မထိတထိ ကပ်ထားရင်း သူကဆက်ပြောတယ်။ သူ့အသံလေးကို အနီးကပ်ကြားရရုံမကဘူး နှုတ်ခမ်းကပါ အသံလှိုင်းရဲ့တုန်ခါမှုလေးကို ခံစားရတယ်။

" ကိုကိုပြန်လာတော့ အရမ်းပျော်တယ်၊ ဒါပေမယ့်ဟိုမှာ ရည်းစားကျန်ခဲ့တဲ့အကြောင်း သိလိုက်ရတဲ့အချိန်မှာ ကိုကိုတစ်နေ့ အိမ်ထောင်ပြုမှာပဲ၊ မီတစ်ယောက်တည်းကျန်ခဲ့မှာပဲဆိုတဲ့အတွေးဝင်လာတယ်။

ကိုကိုနဲ့အတူ အရမ်းပျော်ရတဲ့နေ့ရက်တွေ တစ်နေ့မှာအဆုံးသတ်သွားမှာတွေးမိတိုင်း အရမ်းဝမ်းနည်းခဲ့တယ်။

အဲဒါကြောင့် မီလည်း ဘဝမှာ ကိုယ့်ကိုယ်ပိုင်ဖြစ်မယ့် လူတစ်ယောက်ကို ရှာဖို့ကြိုးစားမိတယ်။
မီ့တသက်လုံးမှာ အကြီးဆုံးအမှားပဲ။ ကိုကို့နေရာမှာ ဘယ်သူနဲ့မှ အစားထိုးလို့မရဘူး။ "

သူ့ရဲ့ တိုးတိတ်ညင်သာတဲ့ တစ်ခွန်းချင်း စကားသံလေးကိုနားထောင်ရင်း ကျနော့်ရင်ထဲမှာ ဆို့နစ်လာတယ်။ မှတ်မိသလောက် အမေဆုံးကတည်းက တစ်ခါမှထပ်မကျခဲ့တဲ့မျက်ရည်တွေဟာ မျက်လုံးထဲမှာ အိုင်ဖွဲ့လာတယ်။

" အခု အစားထိုးစရာ မလိုတော့ဘူး။ အစကသိခဲ့ရင် ညီမလေးကို ဒီဟာတွေအားလုံးကို တွေ့ကြုံဖြတ်သန်းရအောင် နာကျင်ရအောင် လုံးဝအဖြစ်ခံခဲ့မှာမဟုတ်ဘူး။ မီ့ကို ကိုကိုချစ်တယ်။ အရင်က ကလေးလိုချစ်တယ်၊ အခု ကလေးလိုရော ချစ်သူလိုရောချစ်တယ်။"

ပြောပြီးတော့ သူ့နှုတ်ခမ်းလေးကိုနောက်တစ်ခါ နမ်းလိုက်တယ်။ စောစောကအနမ်းက မေတ္တာအပြည့်နဲ့ နမ်းတဲ့အနမ်း။ အခုတစ်ကြိမ်က မေတ္တာရော ရမ္မက်ပါ ရောပြွမ်းတဲ့အနမ်း။ ညင်ညင်သာသာ နမ်းရင်းကနေ တဖြည်းဖြည်း ပြင်းထန်လာတယ်။  သူ့နှုတ်ခမ်းပန်းသွေးရောင် ဖူးဖူးလေးတွေကို အထက်နှုတ်ခမ်းတစ်လှည့် အောက်နှုတ်ခမ်းတစ်လှည့် ကြေမွမတတ် နမ်းစုပ်မိတယ်။ ကျနော့့်မျက်ရည်တစ်စက်က သူ့ပါးပြင်ပေါ် ကျသွားတယ်။ သူ့ပါးစပ်လေးထဲကို လျှာကိုထိုးသွင်းပြီး ပါးလှစ်ချိုမြတဲ့ သူ့လျှာလေးနဲ့ ပွတ်တိုက်ကစားရင်း ကတ္တီပါသားလို နူးညံ့ချောမွတ်တဲ့ ပါးစောင်လေးတွေ၊ ညီညာတဲ့ သွားတန်းလေးတွေ၊ သွားဖုံးသားလေးတွေကို စူးစမ်းမိတယ်။

နမ်းနေရင်း ကျနော့်လက်က ညကဖြုတ်ခဲ့တဲ့ သူ့ညဝတ်အင်္ကျီရင်ဘတ်ကြယ်သီးလေးတွေကို တစ်ခါ ထပ်ဖြုတ်မိပြန်တယ်။ ဒီတစ်ခါတော့ သူ့အင်္ကျီလေးကို တစ်ခါတည်း ချွတ်ပစ်လိုက်တယ်။ နို့သီးထိပ်ပန်းနုရောင်လေးတွေ စိတ်လှုပ်ရှားမှုနဲ့ တင်းတောင်နေတဲ့ နုအိတဲ့ ရင်သားထွားထွားတစ်စုံကို ဒုတိယအကြိမ် မြင်ရပြန်တယ်။  သူကလည်း ကျနော့် တီရှပ်လက်ရှည်ကို ခါးကနေ ကိုင်ပြီး မချွတ်ပေးတယ်။ ကျနော် လက်နှစ်ဘက်ကို အလိုက်သင့် မြှောက်ပေးလိုက်တယ်။ နှစ်ယောက်လုံး အပေါ်ပိုင်း ဗလာကျင်းသွားကြတဲ့အခါ ညက မချွတ်ရက်ခဲ့တဲ့ သူ့ ညဝတ်ဘောင်းဘီလေးကို ဆွဲချွတ်လိုက်ပြီး ကျနော့် အားကစားဘောင်းဘီကိုလည်း ချွတ်ချလိုက်တယ်။ သူ့အိပ်ရာလေးပေါ်မှာ ကျနော်တို့နှစ်ယောက် မိမွေးတိုင်းဖမွေးတိုင်းနဲ့ ကမ္ဘာဦးကလူသားနှစ်ယောက်လို ဖြစ်နေကြတယ်။ အဝတ်တွေက ကြမ်းပြင်ပေါ်မှာ ပုံကျနေတယ်။

သူ့နို့လေးတွေကို ကျနော့်လက်ဖဝါးနှစ်ဘက်ထဲမှာ ဆုပ်နယ်ပေးတော့ သူခပ်တိုးတိုးလေး ညည်းတယ်။ နို့သီးခေါင်းလေးနှစ်ဖက်ကို တလှည့်စီစို့ရင်း လျှာနဲ့ဝိုက်ပြီး ကစားပေးလိုက်တယ်။ နို့အုံသား ဝင်းဝင်းလေးတွေကိုပါ နမ်းစုပ်မိတယ်။ သူ့အသားက နုတော့ ခပ်ကြမ်းကြမ်းစုပ်မိတဲ့ တချို့နေရာလေးတွေမှာ သွေးချည်ဥပြီး ရဲလာတယ်။ ညကလို အပြစ်ရှိတဲ့ခံစားချက်ကြီးနဲ့ မဟုတ်တော့တဲ့အခါ ခံစားချက်တွေဟာပိုကောင်းပြီး ပိုပြီး ပြင်းထန်လာတယ်။

 အသက်မရှူစတမ်း နမ်းစုပ်နေပြီး မောလာလို့ နှုတ်ခမ်းကို ခဏခွာလိုက်တဲ့အခါ သူက မထင်မှတ်တာတစ်ခုကို လုပ်လိုက်တယ်။ ကျနော့်ခါးကိုဖက်ပြီး ရင်ခွင်ထဲကို ခေါင်းတိုးဝင်ပြီး ကျနော့်နို့သီးခေါင်းတစ်ဖက်ကို စို့ပေးတယ်။ သူ့တံတွေးလေးတွေနဲ့ စိုရွှဲနေတဲ့ နို့သီးခေါင်းကို လျှာနွေးနွေးလေးနဲ့ လျက်ပေးတဲ့အခါ ဓာတ်လိုက်သလိုခံစားချက်ဟာ ပေါင်ကြားထဲအထိ ကျဉ်တက်သွားတယ်။ နှစ်ဖက်လုံးကို စို့ပြီးတဲ့အခါ ကျနော့်လိင်တံဟာ နောက်ထပ် ဒီထက်ပိုပြီး မမာနိုင်တော့ဘူးလို့ထင်ရတဲ့အထိ မာတောင်လာတယ်။ ရမ္မက်လှိုင်းတွေဟာ ဒီရေလိုတရိပ်ရိပ်တိုးလာတယ်။ ရုတ်တရက် ကျနော်ညကတည်းက လုပ်ချင်ပေမယ့် ပုံမှန်စိတ်နဲ့ဆို လုပ်ဖြစ်မှာမဟုတ်တဲ့ အလုပ်တစ်ခုကို လုပ်လိုက်မိတယ်။

ခုတင်အောက်ကိုဆင်းပြီး သူ့ကို ခုတင်စွန်းမှာ ခြေတွဲလောင်းချထိုင်တဲ့အနေအထားရောက်အောင် ဆွဲယူလိုက်တယ်။ ခုတင်က နိမ့်တော့ သူ့ခေါင်းလေးနဲ့ ကျနော့်ခါးနဲ့ ကွက်တိပဲ။ လိင်တံကို ကိုင်ပြီး စောစောကနမ်းထားတဲ့အရှိန်နဲ့ နှင်းဆီဖူးလေးလို ထူအမ်းဖောင်းကြွနေတဲ့ နှုတ်ခမ်းနှစ်လွှာကြားကို ထိပ်ဖူးကို ထိုးထည့်လိုက်တယ်။ သူက မျက်လုံးလေးမှိတ်ပြီး အလိုက်သင့်လေးဟပေးတယ်။ သူ့ပါးစပ်လေးနဲ့ ဖောင်းကားတင်းမာနေတဲ့ ကျနော့်ထိပ်ဖူးဟာ ဆံ့တယ်ဆိုရုံလေးပဲ။ ကတ္တီပါသားလို နူးညံ့စိုစွတ်ပြီး ကျဉ်းမြောင်းတဲ့ ပါးစပ်ကလေးထဲကို တိုးဝင်ရတဲ့ခံစားချက်ဟာ ကောင်းလွန်းလို့ ဖော်ပြလို့မရဘူး။ လျှာဖျားလေးနဲ့ ထိပ်ဖူးအရစ်ကို ပတ်ချာလည် လျက်ပြီး အကွဲကြောင်းလေးကို ထိုးကလိပေးလိုက်တဲ့အခါ ကျနော့်ကိုယ်ထဲက အကြောပေါင်းတစ်ထောင်ဟာ စိမ့်သွားပြီး သူ့ခေါင်းလေးကို လက်နှစ်ဖက်နဲ့ အုပ်ကိုင်ပြီးအတံသုံးပုံနှစ်ပုံလောက်အထိ ထိုးသွင်းလိုက်မိတယ်။ နောက်ထပ်သုံးမိနစ်လောက် သူ့ပါးစပ်ကလေးနဲ့ စုပ်ပေးတာကို ခံရတဲ့အခါ နတ်စည်းစိမ်ဆိုတာ ဒီလိုဟာမျိုးပဲလို့ ကျနော်သေချာသွားတယ်။

ခဏနေတော့ ကျနော့်လိင်တံကို သူ့ပါးစပ်ထဲက ချွတ်လိုက်ပြီး သူ့ကို အိပ်ရာပေါ် သာသာလေး လှဲချလိုက်တယ်။ သူကလဲ ကျနော့်ခါးကိုဖက်ပြီး သူ့အပေါ် ဆွဲမှောက်တယ်။ အိပ်ရာပေါ်မှာ မိတ်လိုက်နေတဲ့မြွေနှစ်ကောင်လို ခဏတာ ပူးယှက်တွန့်လိမ်နေပြီးတော့ ကျနော့်လက်ဟာ တစ်ခါမှ မစမ်းဖူးတဲ့ သူ့ပေါင်ကြားက အင်္ဂါဇာတ်လေးကို အုပ်ကိုင်မိတယ်။ အညိုရောင် အမွေးနုလေးတွေနဲ့ မို့မို့ဖောင်းဖောင်းလေး။ ပေါင်လေးနှစ်ဖက်ကို ဆွဲကားပြီးကြည့်လိုက်တော့ နှုတ်ခမ်းသားဖောင်းဖောင်းလေးတွေဟာ ပန်းညိုရောင်သမ်းနေတယ်။ အရည်ကြည်လေးတွေထွက်ပြီး နှုတ်ခမ်းသားနှစ်ဖတ်လုံး စိုလက်နေတယ်။ လက်ချောင်းတွေနဲ့ နှိုက်ကစားပေးတော့ ကျနော့်ကိုယ်လုံးအောက်မှာ သူတွန့်လိမ်ညည်းတွားနေတယ်။

"ကိုကို...ကိုကို... " လို့ခေါ်နေတဲ့ အသံသဲ့သဲ့လေးဟာ တစ်စုံတစ်ရာကို တောင်းဆိုနေတယ်။

ကျနော် သူ့ပေါင်လေးနှစ်ဖက်ကို နည်းနည်းထပ်ပြီးဆွဲကားလိုက်ရင်း ကြားထဲကလွတ်သွားတဲ့နေရာမှာ ဒူးထောက်နေရာယူလိုက်တယ်။လက်တစ်ဖက်ကိုထောက်ထားရင်း လိင်တံကို ကျန်တဲ့ လက်တစ်ဖက်နဲ့ကိုင်ပြီး အကွဲကြောင်းလေးထဲက လမ်းကြောင်းအဝလေးထဲကို ထိပ်ဖူးကို ထိုးသွင်းလိုက်တယ်။ စီးပိုင်ပြီး နွေးနွေးကျပ်ကျပ်လေးဖြစ်နေပေမယ့် သူ့အရည်လေးတွေရော၊ ကျနော့်အရည်ကြည်တွေရောပေါင်းပြီး ချောဆီလိုဖြစ်နေလို့ ထိပ်ဖူးတော့ ဝင်သွားတယ်။ ဒါပေမယ့် မျှော်လင့်မထားတဲ့ အတားအဆီးတစ်ခုကို ဒုတ်ခနဲ တိုးမိပြီး ကျနော်တန့်သွားတယ်။ မဖြစ်နိုင်ဘူးလို့ထင်ပြီး ဆက်တိုးကြည့်တော့ တကယ်ဖြစ်နေတယ်။ ကျနော့်ရင်တွေ တဒိုင်းဒိုင်းခုန်လာတယ်။ စိတ်လှုပ်ရှားမှုကြောင့် မျက်လုံးတွေတောင်ပြာလာသလိုပဲ။ ခြောက်ကပ်နေတဲ့လည်ချောင်းထဲက အနိုင်နိုင်ထွက်လာတဲ့အသံက ပြတ်တောင်းပြီး အက်ကွဲနေတယ်။

"ခွန်နောင်နဲ့ တစ်ခါမှ....

ငုံ့ကြည့်လိုက်တော့ သူလဲ အသက်ကို အမောတကောရှူနေရတယ်။ ရင်ဘတ်လေးဟာ စိတ်လှုပ်ရှားမှုနဲ့ လှိုင်းထနေတယ်။

"တခြားဟာတွေ လုပ်ဖူးတယ်...တစ်ခါမှ...ဒီအထိမရောက်ဖူးဘူး။"

တိုးတိတ်တဲ့ဖြေသံလေးအဆုံးမှာ ကျနော်သူ့ကို ငုံ့ပြီးနမ်းလိုက်မိတယ်။ နှုတ်ခမ်းကို အငမ်းမရ နမ်းစုပ်ရင်း သူ့ကို ကျစ်ကျစ်ပါအောင် ဖက်ထားမိတယ်။ နမ်းပြီးသွားတော့ ိကိုယ်လုံးလေးကို လက်တစ်ဖက်နဲ့ ဆက်ပြီးဖက်ထားရင်း ကျန်တဲ့တစ်ဖက်ကို ထောက်ပြီး ထိပ်ဖူးရဲ့ရှေ့မှာ တားဆီးနေတဲ့ အမြှေးပါးလေးထဲကို ထိုးသွင်းလိုက်တယ်။ ဒုတ်ခနဲ ဆောင့်မိသွားပြီး အ...ဆိုတဲ့ အံကြိတ်ညည်းတွားလိုက်သံလေးနဲ့အတူ အတားအဆီးဟာ ကျိုးပြတ်သွားတာကို ခံစားလိုက်မိပြီး ကျပ်တည်းတဲ့ ကတ္တီပါလှိုဏ်ခေါင်းလေးထဲကို ကျနော့်လိင်တံဟာ လျှောဝင်သွားတယ်။ ခဏနားထားပြီး သူ့ကို ပွတ်သတ်ချော့မြူရင်း စပြီး ရှေ့တိုးနောက်ဆုတ် လှုပ်ရှားလိုက်တယ်။

သူ့ခန္ဓာကိုယ်လေးဟာ ကျနော့်အောက်မှာ လူးလွန့်နေတယ်။ တစ်ချက်တစ်ချက် ညည်းတွားသံ တိုးတိုးလေးနဲ့အတူ ခါးလေးကို ပင့်ပြီးကော့ပေးတယ်။ ကျနော့်ကျောကို မမီတမီလှမ်းဖက်ထားတဲ့ လက်လေးနှစ်ဖက်က လက်သည်းလေးတွေဟာ ကျနော့်အသားထဲကို နစ်ဝင်နေတယ်။ သူ့နို့လေးတွေ၊ ခါးသေးသေးလေး၊ တင်ပါးလေးတွေဟာ ကျနော့်လက်ထဲမှာ ပုံသွင်းရွှံ့စေးလိုပဲ။
တဖြည်းဖြည်းနဲ့ ကျနော့်ရဲ့ပြီးဆုံးခြင်းဟာ နီးကပ်လာတယ်။ လိင်တံဟာ ပိုတောင့်တင်းလာပြီး အထဲမှာ သုက်ရည်တွေ ရွေ့လျားလာတာကို ခံစားမိလာတယ်။ ကျနော်သူ့အပေါ် မှောက်ချလိုက်ပြီး ဆီးခုံချင်းပူးကပ်ရင်း သွေးတွေစီးဝင်ပြီး ဖောင်းကြွနေတဲ့ အစေ့နေရာလေးကို  လိင်တံနဲ့ ပွတ်တိုက်ပေးပြီး ရှေ့တိုးနောက်ဆုတ် ဆက်လုပ်တယ်။ ထိလိုက်လွတ်လိုက်ဖြစ်ပေမယ့် သူလည်း ပြီးဆုံးဖို့ တဖြည်းဖြည်းနီးကပ်လာတာကို ခံစားမိတယ်။ ကျနော့်ခံစားချက်တွေဟာ ပေါက်ကွဲထွက်လုမတတ်ပြင်းထန်လာတယ်။ သူနာမှာတွေ မနာမှာတွေ ဘာမှမစဉ်းစားနိုင်တော့ဘူး။ စိတ်ဆန္ဒအတိုင်းလွတ်လွတ်လပ်လပ် အားရပါးရထိုးဆောင့်ရင်း အဆုံးစွန်ရောက်သွားတဲ့ခံစားချက်နဲ့အတူ ကျနော့်လိင်တံဟာ တဆတ်ဆတ်ခါလာပြီး သူ့ရဲ့ လမ်းကြောင်းလေးထဲကို သုက်ရည်နွေးနွေးတွေ ပန်းထုတ်လိုက်တယ်။ အဲဒီအချိန်မှာပဲ ကျနော့်ကျောထဲကိုနစ်နေတဲ့လက်သည်းရှည်လေးတွေဟာ စူးခနဲ ပိုစိုက်ဝင်လာပြီး သူ့ခန္ဓာကိုယ်လေးဟာ တစ်ချက်တောင့်တင်းသွားပြီး တိရစ္ဆာန်ရိုင်းမလေးတစ်ကောင်လို မသဲမကွဲအသံတစ်ခုကို ခပ်တိုးတိုးအော်ညည်းလိုက်ရင်း သူ့ရဲ့ မိန်းမကိုယ်ကြွက်သားတွေဟာ ကျနော့်လိင်တံကို ညှစ်လိုက်ပြီး တဆတ်ဆတ်တုန်ခါလာတယ်။ နှစ်ယောက်လုံး တစ်ယောက်ကိုတစ်ယောက် တင်းတင်းဖက်ထားရင်း လှိုင်းတွေကို တငြိမ့်ငြိမ့်စီးပြီး ကမ္ဘာကြီးရဲ့ထိပ်ဆုံးကို ရောက်သွားကြတယ်။

ဟိုးအမြင့်ကြီးကနေ တဖြည်းဖြည်းပြန်ကျလာတဲ့အခါမှ သူရောကျနော်ရော သတိဝင်လာကြတယ်။ ကုတင်ဘေး စားပွဲပေါ်က wet tissue ဘူးကိုလှမ်းယူပြီး သူ့ကိုရော ကျနော့်ကိုယ်ကျနော်ရော သုတ်သင်သန့်ရှင်းလိုက်တယ်။ ပြီးတော့ သူ့ရဲ့ အမွေးပွစောင်လေးကို အတူတူခြုံရင်း လက်မောင်းပေါ်မှာ ခေါင်းအုံးပြီးအိပ်နေတဲ့ နူးညံ့နွေးထွေးတဲ့ ခန္ဓာကိုယ်လေးကို ဖက်ထားလိုက်တယ်။ သူ့မျက်နှာလေးက ကျနော့်ပခုံးနဲ့လည်ပင်းကြားမှာ ဖွက်ထားပြီး ကျနော်က ရှမ်ပူနံ့ သင်းပျံ့တဲ့  သူ့ဆံပင် ညိုညိုပျော့ပျော့လေးတွေပေါ်မှာ မျက်နှာအပ်ထားတယ်။

ကျနော့်ဘဝမှာ ဒီအခိုက်အတန့်လောက် အရာရာပြည့်စုံနေတယ်လို့ ခံစားရတဲ့အချိန် တစ်ခါမှ မရှိဖူးဘူး။       ။

ပြီးပါပြီ
ကျေးဇူးတင်ပါတယ်